Sunday, February 7, 2010

ဘလော့ဂ်သေခြင်း အကြောင်း


ဘလော့ဂ်လေးတစ်ခုဖန်တီးထားမိတဲ့ ကျွန်တော် ပို့စ်တင်ဖို့ တစ်ခါတစ်ရံ အကြောင်းအမျိုးမျိုးကြောင့် မလွယ်တဲ့အပိုင်းတွေဖြစ်နေတက်ပါတယ်. ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်နေထိုင်မှု ဘ၀ဖြစ်စဉ်က မိမိအလုပ်ပေါ်တွေ အဓိက အားကိုးရုန်းကန်နေရခြင်းကြောင့်ပါ. ကျွန်တော်သာ မိမိစိတ်ဝင်စားရာကို လုပ်နေရမည်ဆိုရင် ယခုလက်ရှိအနေအထားတွင် ကွန်ပျူတာရှေ့နှင့် အွန်လိုင်း ပေါ်တွင် အမြဲရှိနေမိမယ်ထင်ပါတယ်. အနေထားက အဲလိုမဟုတ်ဘူးလေ. မိမိတွင် တာဝန်အပြည့်နှင့် မောင်းနှင်နေရသည့် အင်ဂျင်စက်တစ်လုံးလို လူလေ. ယင်းကြားထဲကမှ ဖဲ့သုံးရခြင်းသည် ထင်သလောက် အဆင်မပြေပါ. ဒီလိုဘာဖြစ်လို့ ကျွန်တော်ပြောနေသလည်းဆိုရင် ဘလော့ဂ်သေခြင်း ဆိုတာကို စာရှု့သူ သတိမူစေချင်လို့ပါ. ဘယ်လိုသေလည်း? ယခုကဘလော့တစ်ခု လုပ်ရတာလွယ်ပါတယ် မိမိက အွန်လိုင်းသုံးတက်လို့ ဘလော့ကို ကိုယ်တိုင်မဖန်တီးတက်ရင်တောင်မှ လုပ်တက်သူမိတ်ဆွေပေါင်းအသင်း တစ်ဦးရှိရင်ဖြင့် လုပ်လို့ရနေပါတယ်. ဒါမှမဟုတ် အွန်လိုင်းကတဆင့် လုပ်နည်းများကို မိမိဥာဏ်လေးနည်းနည်းစိုက်ယုံနဲ့ ကြိုးစားလုပ်ရင် ရနေပါတယ်. ဒီလောက်ကို လွယ်တယ်ထင်ပေမယ့် မိမိဖန်တီးလိုက်တဲ့ အရာလေးကို ရေရှည် မိမိနှင့်အတူ ရှိနေဖို့ထိမ်းသိမ်းမယ့် အပိုင်းဟာ တော်တော် ခတ်ပြီလို့ ကျွန်တော်ထင်မိခြင်းပါ. ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့လို တစ်သီးပုဂ္ဂလ မိမိကိုယ်ပိုင် ဘလော့လေးတစ်ခု ရပ်တည်ဖို့ဟာ မိမိအပေါ်မှာ အများကြီးမူတည်နေလို့ပါ. အသင်းအဖွဲ့. သတင်းမီဒီယာ. စသည့် အွန်လိုင်းလုပ်ငန်းဖြင့် ဆပ်စပ်နေရင်တော့ အုပ်စုအလိုက် အင်အားကောင်နေနိုင်သဖြင့် အလုပ်အရသော်လည်းကောင်း. ငွေရရှိသည့် အရာဖြစ်လို့သော်လည်းကောင်း. အချိန်ပေး လုပ်ဆောင်နိုင်သည့် အနေအထားကြောင့်သော်လည်းကောင်း အဆင်ပြေကောင်း ပြေနေနိုင်ကြပါတယ်. ဘလော့တစ်ခု၏ အသက် ဆိုရာတွင် ပို့စ်များကို ပုံမှန် တင်နိုင်ခြင်းနှင့် မိမိသည်လည်း အွန်လိုင်းတွင် အခြားမိတ်သင်္ဂဟများနှင့် ထိတွေ့မှု မပြတ်လက်ခြင်းလို့ ဆိုလိုမိပါတယ်. ဒါတွေကို မလုပ်နိုင်တော့ဘူးဆိုရင် မိမိလုပ်ထားတဲ့ ဘလော့ဂ်လေးဟာ ရုပ်သာရှိပြီး အသက်မရှိတော့သလို ဖြစ်နေနိုင်ပါတယ်. ဒါဆို ဒီဘလော့ဂ်ဟာ သေနေတယ်လို့ မှတ်ယူနိုင်ပါတယ်. လုပ်ပြီးပြစ်ထားတဲ့ ဘလော့ဂ်ဟာ အသေပါ. ဒါကြောင့် ဘလော့ဂ်တစ်ခုအဖြစ် ရပ်တည်ရခြင်းသည် လွယ်မလိုနဲ့ ခတ်နေတယ်လို့ ကျွန်တော်ခံစားမိပါတယ်. အောင်မြင်ခြင်း မအောင်မြင်ခြင်းကတော့ မိမိကြိုးစားမှု ကို အများက မှတ်ချက်ပေးရသည့်ကိစ္စဖြစ်လို့ ကာယကံရှင်က ဆုံးဖြတ်လို့မရပါ. ဒီလို ဘလော့သေတွေ အများကြီး ကျွန်တော်တွေ့နေရလို့ပါ. အပြစ်ပြောတာလို့ မထင်လိုက်ပါနဲ့ အဖြေရှာကြည့်ခြင်းပါ. ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ကိုယ်တိုင် ဘလော့ဂ်လေး အသက်ဆက်နေဖို့ ရုန်းကန်နေလို့ ကိုယ်ချင်းစာမိရင်း ဒီပို့စ်ကို ရေးမိခြင်းပါ. နောက်တစ်ခုက ကျွန်တော်တို့လို့ ရူးသွပ်စွာဝါသနာရှင် များမှာ အချိန်.ငွေ.နှင့် လက်တွေ့ပြင်ပ အရေးများထဲက ဖဲ့သုံးရတာဆိုတော့ ရတာက မိမိစိတ်ပီတိလေးတစ်ကိုပဲ မျှော်လင့်မှုရှိတာပေါ့နော်. အွန်လိုင်းသုံးခြင်းမှာ အပျော်တမ်းမှသည် မိမိအတွက်အကျိုးပြုတာများကို ရှာဖွေသုံးစွဲခြင်းအထိ အမျိုးမျိုးကွဲပြားမှုရှိတဲ့အထဲက တစ်ဦးခြင်း ဘလော့ဂ်ရေးသူများအဖို့မှာ ယင်းအတွက် တစ်ခါတစ်ရံ မလုပ်နိုင်သည့် အနေအထားများဖြစ်လာတက်ပါတယ်. အချိန်မရခြင်းနှင့် ဦးစားမပေးနိုင်တော့ခြင်းဆိုတဲ့ အကြောင်းချက်က အရင်းခံလို့ထင်ပါတယ်. ယခုလည်း ကျွန်တော့်တွင် ယင်းအခြေနေဆိုက်နေသည်. ဒါကိုကျော်ဖြတ်ဖို့ ကျွန်တော်ကြိုးစားရမည်. ဒါကြောင့် ဘလော့ဂ်သေခြင်းကင်းအောင် လုပ်ရမည်မှာ မိမိမှတပါးအခြားမရှိပါ. ဒါပေမယ့်ခင်ဗျာ လူသားတွေမှာ မိမိကဖြစ်ချင်တာထက် ဖြစ်သင့်တာဖြစ်နေရတာကလည်း ဓမ္မာတာတရားတစ်ခုမဟုတ်ပါလား. အချုပ်ဆိုရလျင် ကျွန်တော်တို့ ကိုယ်ပိုင်ဘလော့လေးတစ်ခု ဖန်တီးပြီး အများအတွက်.မိမိအတွက် အကျိုးဖြစ်စေမည့် အရာများကို ချပြ ခြင်းနောက်ကွယ်တွင် ရေရှည်ထိမ်းသိမ်းနိုင်မှု စွမ်းရည်သည် အရေးကြီးကြောင်း တင်ပြလိုက်ရပါသည်. ဘလော့ဂ်သေခြင်းကို ကျော်ဖြတ်နိုင်ကြပါစေ…( မှတ်ချက်- အကျပ်ရိုက်နေတဲ့ အနေအထားတစ်ခုကို ဖြတ်သန်းရင်း ရေးသားမိခြင်းအတွးသက်သက်ပါ. တိုက်ဆိုင်မှုမရှိခဲ့ရင် တောင်းပန်ရင်း…)

Saturday, January 30, 2010

ချစ်သူ့ အယူခံလွှာ


ချစ်သူ..
မင်းဆီက ကိုယ်မျှော်လင့်နေခဲ့တဲ့
အချစ်စစ်ဆိုတာ မသိရသေးပါလား
ကိုယ်လိုချင်တာ စစ်မှန်ပြည့်ဝမှုအချစ်
မင်းပေးမယ်ကြံတာက အတုအယောင်အချစ်တု
ကိုယ်မလိုချင်ဘူး တစ်ကယ်ငြင်းမိတယ်
ကိုယ့်အပေါ် ညှင်းဆဲထားတာလည်း
အချိန်တွေ စတေးခံဖြစ်ခဲ့ရ
မင်းနဲ့ကိုယ်ကြား ကြာခဲ့တာကိုတွေးမိတော့
မင်းရက်စက်မှုတွေက ကမ်းကုန်လို့
ကိုယ့်ကို အလဲထိုးနေသလို
ဟန်ဆောင်တယ် ပလီတယ်
လိမ်တယ် ညာတယ်
ချစ်ဟန်ပြတဲ့ အချစ်တုဟာ
ဆိုးတယ် ချစ်သူ…..
မင်းရဲ့မပိုင်ဆိုင်တဲ့ အလှမှာယစ်မူးလို့
မင်းမော်ကြွားလိုက်တာက
တစ်ကယ်ချစ်ရင် သူ့စီမန့်တာအားလုံးလက်ခံပါတဲ့
အော်အချစ်ရယ်… ကိုယ်ကမင်းကိုချစ်တာ
မင်းအစီအမံကို မျက်လုံးမှိတ်လက်ခံဖို့အဟုတ်ဘူးလေ
မင်းနဲ့ကိုယ်နဲ့ ဘ၀ကို
အချစ်တွေနဲ့ တည်ဆောက်လို့
သာယာတဲ့တူနှစ်ကိုယ်တိုင်းပြည် ဖြစ်ချင်တာလေ
နီးလျက်နဲ့ဝေးနေရတဲ့ ကိုယ်တို့အဖြစ်မှာ
မင်းအပေါ်မှာ အများကြီးတည်တယ်နော်
ကိုယ့်ကိုယုံလိုက်ပါ ကိုယ်ချစ်တာအစစ်ပါ
တစ်ပါးသူအားကိုးပြီ ချစ်ပြတာမဟုတ်ပါဘူး
ချစ်ရဲ့နဲ့ ချစ်ခွင့်မရတဲ့အဖြစ်ဟာ
ရင်နာမှုတွေအပြင် ဘာရှိအုံးမှာလည်း
ချစ်သူ….
ကိုယ်စိတ်ကူးတွေ ဖြစ်မလားချစ်သူ
မင်းအမိန့်တစ်ခုတည်းနဲ့တော့ မဖြစ်စေချင်ဘူး
ကဲပါ ကိုယ်ကချစ်ရေးဆိုသူဆိုတော့
သဘေားထားကြီးရင်း ဒီနှစ်မှာတော့
အဖြေပေးပါတော့ ချစ်သူ…..

valentime's day အကြို့ခံစားမှုတစ်ခုပါ. ကျွန်တော် ငယ်ငယ်က အဲလို ချစ်သူတစ်ယောက်၏ ညှဉ်းဆဲမှုကို ခံခဲ့ရမိတာကို စမြုတ်ပြန်ရင်း… ယခုနှစ်မှာ ချစ်ရေးအဆိုခံထားသူများ ချစ်သူ၏ သဘေားထားကောင်းများရဲ့ အဖြစ်မှန်ကို ခတ်မှန်တက်ရင်း ချစ်သူများဘ၀ကို လက်ဝယ်ပိုင်ပိုင် ရောက်ရှိနိုင်ကြပါစေ. မိမိကိုယ်တိုင်က စိတ်ရင်းမှန်ဖို့တော့လိုမယ်နော် မိတ်ဆွေများ သူငယ်ချင်းများ.ခင်ဗျာ အားပေးမှုကို ကျေးဇူးအထူးဖြင့်...)

Thursday, January 28, 2010

အကျဉ်း


ပျော်ပါတယ် လူ့လောကမှာ
သာယာတယ် အထင်တွေနဲ့
ဖြတ်သန်းရင်း ကြီးပြင်းလို့
အရွယ်လည်းရောက်ရော….
တွေ့ပါပြီ အမောတွေ
မောတာတွေ ဘေးချိပ်လို့
လူဖြစ်တုန်း ကြိုးစားရင်း
အနိမ့်အမြင့် လူ့ဘောင်မှာ
လွတ်လပ်ဖို့ ထွက်ပေါက်ရှာ
တွေ့ပါတယ် လူ့တာဝန်
ကိုယ့်ကောင်းကျိုး အများကောင်းကျိုး
အထိုတို များမြှောင်လှ
ဒီကြားထဲ လူဖြစ်တုန်း
ကျနေတယ် အကျဉ်းခန်းမှာ
ကိုယ်တိုင်ကိုယ်ကျ ဘ၀တွေထဲ
ရုန်းထွက်ဖို့ မကြိုးစားတော့ပဲ
ပေးဆပ်လိုက်မယ် အချစ်ထောင်တွင်း….
(အကျဉ်းအကျပ်ထဲက အားလုံးသော သူများကို ကိုယ်ချင်းစာရင်း….)

Wednesday, January 27, 2010

ကိုယ်ချင်းစာရင်း ရေးမိခြင်း

ဒီပို့စ်ကို ရေးမိခြင်းက ကိုယ်ချင်းစာ ခြင်းကြောင့်ပါ. ကိုယ်တိုင်ဖြတ်သန်းလာရလို့ပါ. ဆရာများ သွားမပေါ်မိကြပါနဲ့. နေ့လည်ကကို ကြုံမိတာပါ. ပြည်တွင်းက မသိသေးသူများကို ရည်ရွယ်ပါတယ်.
Gtalk မှာ သူငယ်ချင်းများအမည်ကို မေးလိပ်စာ အတိုင်းမထားပဲ အမည်လေးပြောင်းဖို့ကို လုပ်နည်းလေးပါ. Gtalk ကိုဖွင့်လိုက်ပါ. မိမိနှင့်ချိတ်ဆက်ထားတဲ့ သူငယ်ချင်း မိတ်ဆွေများ မေးများကိုလည်း တွေ့နေရပါလိမ့်မယ်. ရင်းမှာ မေးတစ်ခုကို right click လိုက်ပါ. ဇယားထွက်လာပါလိမ့်မယ်. ရင်းအထဲက rename ကို right click ထပ်လုပ်ပါ. ဒါဆို မိမိရွေးထားတဲ့မေးလိပ်စာကို select (ရွေး) ပြီးသားတွေ့ပါလိမ့်မယ်. ဒါကို ဇော်ဂျီ နဲ့ သူငယ်ချင်းအမည်ကို ရိုက်ထည့်လိုက်ပါ. ဒါဆို မိမိ မေးလိပ်စာအစား အမည်နှင့် ဖေါ်ပြပေနေတာကို တွေ့ရပါလိမ့်မယ်. ဒီလိုနည်းနဲ့ မိမိသူငယ်ချင်းမိတ်ဆွေများကို အလွယ်တကူ gtalk မှာ မှတ်မိ စွာနဲ့ အသုံးပြုနိုင်ပါလိမ့်မယ်.

နောက်ပြီး ဓါတ်ပုံများကို အင်တာနက်ပေါ်တင်ဖို့ရာမှာ ကင်မရာ ကောင်းကောင်း pixels များများနှင့်ရိုက်ထားတဲ့ပုံဟာ mp3 သီချင်းတစ်ပုဒ်ထက်ကို ဆိုဒ်ကြီးနေပါတယ် ယင်းဟာကို တင်ရင် လိုင်းမကောင်းတဲ့ အနေအထားမှာ ဆိုမလွယ်ပါ. ဒါကို ဆိုဒ်ငယ်ဖို့က လုပ်နည်းလေးတစ်ခုပါ. မိမိတင်ချင်တဲ့ ပုံကို ကော်ပီယူပြီ ဖိုင်အသစ်တစ်ခုတည်ဆောက်ပြီ ထည့်ပါ. မူရင်းကို ဆိုဒ်သေးလိုက်ရင် တစ်ကယ်လို့ ဓါတ်ပုံကူတာပဲဖြစ်ဖြစ် အသုံးလိုလို့သုံးတာပဲဖြစ် ပြန်သုံးရင် အဆင်မပြေတော့လို့ပါ. ကော်ပီယူထားတဲ့ ဟာကို Microsoft office picture manger နှင့် ဖွင့်ပါ . ယင်းအထဲက မှာ ပုံအနည်းအများကို ထပ်ရွေးလို့ရပါသေးတယ်. မိမိလုပ်ချင်သလောက်ကို select လုပ်ပြီး edit picture ကိုကလစ်ပါ. ညာဘက်ဘေးမှာ ဇယားပေါ်လာပါလိမ့်မယ်. ယင်းအထဲက အိမ်ပုံးလေး home ဆိုတာကို ရွေးပြီးထပ်ကလစ်ပါ. ရင်းအထဲမှာ export picture ဆိုတဲ့ အောက်ဆုံးက ဟာလေးကို ထပ်ကလစ်ပါ. ကလစ်လိုက်ရင် ဇယားပြောင်းသွားပြီး အောက်နားမှာ export using this size ဆိုတာတွေ့မှာပါ. ယင်းအထဲမှာ မျှားလေးကို ကလစ်ပြီး မိမိပြောင်းချင်တဲ့ဆိုဒ်ကို သတ်မှတ်ပြီး ok ပေးလိုက်ပါ. ဒါဆို သတ်မှတ်ဖို့အတွက် replace file ကိုလစ်လိုက်ရင် ဆိုဒ်သေးပြီးသား အသင့်ပုံဖြစ်သွားပါလိမ့်မယ်. ပုံအများရွေးထားရင် replace all ကိုကလစ်ပါ. ဒါဆို ဆိုဒ်သေးထားတဲ့ ပုံကို အွန်လိုင်းမှာ ကောင်းကောင်းတင်နိုင်ပါပြီ.
နောက်ပြီ ကျွန်တော်တို့ ကွန်ပျူတာသုံးစွဲတဲ့အပိုင်းမှာ ဆော့ဝဲလ်ပိုင်းမှာရော ကွန်ပျူတာ စနစ်ပိုင်းမှာရော မသုံးမဖြစ် ဟာတွေက copy(မိတ္တူ). Paste(ပြန်ထုပ်. ကော်ကပ်သည်). Cut(ဖြတ်ထုပ်သည်). Remane (အမည်ပြန်ပေး). Edit(တည်းဖြတ်ပြင်ဆင်). Import(တင်သွင်း) .export (တင်ပို့) . tools (ကရိယာတန်ဆာပလာ). Page setup (စာရွက်ချိန်ညှီမှု).Print (ပုံနှိပ်) စတဲ့ အခြေခံ အသုံးနှုန်းတွေကို သတိထားမိခြင်းဖြင့် အသုံးပြုမှုမှာ အထောက်အကူဖြစ်ပါလိမ့်မယ်. ဒီလိုလေးတွေ ရေးမိခြင်းက ကျွန်တော်မှာ ကွန်ပျူတာရှိရက်နဲ့ အွန်လိုင်းမသုံးတက်လို့ ဆရာရှာလိုက်ရတာ အင်တာနက် ချိတ်ဆက်တက်ဖို့ကို အခကျေးငွေပေးပြီ မနည်းခရတောင်းပန်ရင် လုပ်ခိုင်းခဲ့ရလို့ပါ. ဒါကြောင့် ဒီနေ့ အကြောင်းတိုက်ဆိုင်လာလို့ ကျွန်တော်ရေးမိတာပါ. ပြည်တွင်းက ကျွန်တော့်အသိလေး မလုပ်တက်မကိုင်တက်ဖြစ်နေတာကို ပြောပြရင်း ဒီပို့စ်ကိုပါတင်လိုက်မိပါကြောင်း……

Tuesday, January 26, 2010

ဟုတ်ရင်ပြင်၊ မဟုတ်ရင်ဆင်ခြင်


ကျွန်တော်တို့ နေ့စဉ် ပြောနေကျ စကားတွေထဲမှာ ကိုယ့်ကြောင်းရော သူများအကြောင်းရော ပါနေတက်ကြပါတယ်. ဒီလို့စကားတွေကို ပြောကြရာဝယ် မကောင်းတာရော ကောင်းတာရော ဖြစ်နေတက်ကြပါတယ်. ဆိုလိုတာက ဝေဖန်မူဆိုတာ လူသားတွေနဲ့ မကင်းနိုင်ဘူးလေ. အဲလို ကိုယ်ကသူများကို ဝေဖန် သူများက ကိုယ့်ကိုဝေဖန်မှုတွေ ရှိနေကြတဲ့ ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်ဟာ တစ်ကယ်တော့ အဆန်းမဟုတ်ပါဘူး. ဒါပေမယ့် မိမိမကောင်းမူ သူတစ်ပါးမကောင်းမူကို ပြောဆိုကြရာမှာတော့ မိမိကိုယ်တိုင်သတိထားမိစေချင်တဲ့ အချက်လေးကို တင်ပြချင်လို့ပါ. လူသားတွေဟာ အားလုံးအကောင်းကြီး မရှိကြလို့လေ. ကိုယ့်ဟာကိုယ် ကောင်းနေတယ်လို့ အထင်ရှိနေတာဟာ သူများအမြင်မှာ မကောင်းတာလည်း ဖြစ်နေနိုင်ပါတယ်မဟုတ်လား. အဲလို့ မကောင်းမှုတွေနဲ့ ပတ်သက်ပြီး ကိုယ်က ဝေဖန်ခံရပြီ. (အရပ်အဆို- အတင်းပြောခံရပြီဆိုရင်) ကျွန်တော်တို့မှာ လုပ်နိုင်တာ နှစ်ခုရှိပါတယ်. ဟုတ်ရင်ပြင်၊ မဟုတ်ရင်ဆင်ခြင် ဆိုတဲ့ မိမိကိုယ်ကို ဆန်းစစ်ဖို့ အကောင်းဆုံး အရာလေးနှစ်ခုပါပဲ. (ဥပမာ- ဒီကောင်ကွာ တော်တော်မာနကြီးတယ်. ကြည့်ရတာ ဒေါက်ကို မကျိုးဘူး. အဲလို မိမိကို သူတစ်ပါးက ဝေဖန်ပြီဆိုရင် အရင်ဆုံး သူပြောသလို မိမိဖြစ်နေပြီလား. တွေးကြည့်ပါတော့. ဟုတ်နေပြီဆိုရင် ပြင်ရမှာပေါ့နော်. ကိုယ်တိုင်က မာနကြီးတာကို ကြိုက်ရင်တော့ ကာယကံရှင် သဘောပေါ့နော်. တစ်ကယ်လို့ မိမိစိတ်အရင်းက အဲလိုမဟုတ်ပဲ အမူအကျင့်အပြင်ပန်းက အဲလိုဖြစ်နေလို့ တပါးသူအထင်ရောက်နေရင် မိမိ၏ အပြုအမူကို တချို့ကို ဆင်ခြင်ရပါလိမ့်မယ်. ဒါဆို မိမိဘယ်လိုဖြစ်သွားမှာလည်း တွေးကြည့်ရင်မြင်မိတော့မှာပါ.) အဲလိုပါပဲ မိမိ၏ မကောင်းမှုများနှင့် ပတ်သက်ပြီ သူတစ်ပါး ဝေဖန်မှုကို ရင်းအရာနှစ်ခုနှင့် ခံယူပြီး မိမိ၏ အားနည်းချက်ဖြစ်နေခဲ့ရင် ဟုတ်ရင်ပြင်ပြီ မဟုတ်ရင် ဆင်ခြင် ခြင်းဖြင့် မိမိအတွက် အကောင်းဆုံး အနေထားတစ်ခုကို ကွင်းကွင်းကွက်ကွက် မြင်မိဖို့ကို အထောက်ကူဖြစ်ပါလိမ့်မယ်လို့ မြင်မိတာကို တင်ပြလိုက်ခြင်းဖြစ်ပါတယ်. ဝေဖန်မှုကို ကိုယ်တိုင်မကင်းနိုင်ကြတဲ့ ကျွန်တော်တို့တတွေ မိမိကို ဝေဖန်ခံရပြီဆိုရင်လည်း ယင်းအထဲက အကောင်းတစ်ခုကို ပြန်ရှာတွေ့အောင် အထောက်အကူဖြစ်နိုင်ကြပါစေ.....

Friday, January 22, 2010

သံသယ အတွေးများ ကြားက


လူသားတွေရဲ့ မွေးရာပါထဲမှာ အရွယ်ရောက် ပြီသူတစ်ဦးမှာ အတွေးဆိုတဲ့ အရာဟာ စိတ်အစဉ်နဲ့ အတူတွဲပါလာကြတာအားလုံးသိကြမှာပါ. ဒီအတွေးဟာ မိမိစိတ် နှင့်တိုက်ရိုက် သက်ဆိုင်သလို မိမိပတ်ဝန်းကျင် အသိုင်းဝိုင်နှင့် ပတ်သက်ဆတ်နွယ်နေပါတယ်. ဆိုလိုတာက မိမိအသိစိတ်အထင် အပြင် မိမိပတ်ဝန်းကျင်က အသိအမြင်အကြားများကြောင့်လည်း အတွေးနယ်ကျယ်ဖို့ဖြစ်တက်ပါတယ်.
ကျွန်တော်တို့ တွေးထင်ကြတာတွေဟာ မိမိစိတ်အသိတစ်ခုတည်းနဲ့ လိုရာဆွဲ တွေးကြတာလည်းရှိပါတယ်. ထိုသို့ လိုရာဆွဲတွေးခြင်းနောက်ကွယ်မှာ သံသယ ဆိုတဲ့ အတွေးဟာ အဆိုးဆုံးလို့ ထင်ပါတယ်. ဘာဖြစ်လို့ပြောရလည်းဆိုရင် မသေချာမရေရာမှုကို အခြေခံထားတဲ့ အသုံးနှုန်း မို့လို့ပါ. ဒီလိုသံသယ ဖြစ်နေတဲ့စိတ်ဟာ အလိုလို ဘ၀င်မကျမှုနှင့် ဖြစ်နေတက်ပါတယ်. ဒါကိုဖြစ်အောင်လုပ်ထားတာက မိမိအထင်နှင့်တွေးထားခြင်း ကြောင့်ဖြစ်ပါတယ်. ကဲ အဲဒါကို အဖြေရှာဖို့က မိမိအထင်နှင့်တွေးထားတာကို ဟုတ်မဟုတ် ဆန်းစစ်ဖို့ နည်းပဲရှိပါတယ်. တစ်ဦးတည်းမတက်နိုင်ရင် နီးစပ်ရာ မိတ်ဆွေအပေါင်းအသင်းကို အကူညီတောင်းရပါလိမ့်မယ်.
ဘာဖြစ်လို့လည်းဆိုတော့ မိမိစိတ်အထင်နှင့် တွေးထားတဲ့ သံသယ တစ်ခုဟာ ရာနှုန်းမပြည့်လို့ပါပဲ. ထို့ကြောင့် အကြောင်းအမျိုးမျိုးကြောင့် သံသယ ဖြစ်ရခြင်းများမှာ ဖြစ်နိုင်ခြေ ပေါ်မူတည် ဖို့လိုပါတယ်. စိတ်အထင်တစ်ခုတည်းနဲ့တော့ အဘယ်မှ အမှန်လို့သတ်မှတ်လို့မရနိုင်ပါ. သံသယ အတွေးများဟာ ကျွန်တော်တို့လူသားတွေမှာ အနည်းအများ အဘယ်သူမှာ ကင်းနိုင်ကြမည်မဟုတ်ပါ. ဒီအတွေးတွေ ပေါ်ပေါက်ရခြင်းမှာ လည်း အကြာင်းအမျိုးမျိုးပေါ်မှာမူတည်နေတက်ပါတယ်. ဘယ်လိုပဲဖြစ်ဖြစ် မိမိအနေနှင့် အကြောင်းအရာတစ်ခုမှာ သံတယ ဖြစ်နေတဲ့ အတွေးဝင်မိပြီဆိုရင် မိမိစိတ်အထင်တစ်ခုတည်းနှင့် အလျှင်စလို မဆုံးဖြတ်ဖို့ကို သတိနှင့်ယှဉ်ရင်း ဖြစ်နိုင်ချေကို လက်တွေ့ကျကျ ထည့်တွက်တက်ဖို့၊ မြင်မိဖို့ ရည်ရွယ်မိပါတယ်. (ချွတ်ယွင်းချက် အနေနဲ့ ဥပမာတစ်ခုကို တင်ပြပါမယ်. HIV- AIDS ဖြစ်နိုင်တဲ့ အပြုအမူမျိုးကို ကျူးလွန်ဖို့ မိမိကိုယ်တိုင်က လုပ်မိမဲ့အချိန်မှာတော့ အားလုံးကို သံသယ ထားသင့်ပါတယ်. ဘာဖြစ်လို့လည်းဆိုတော့ မိမိဘ၀ မိမိသက် နှင့် ရင်းရသည့် အရာဖြစ်လို့ပါ. တစ်ကယ်လို့ မိမိကိုယ်တိုင်က အလိုတူ ကျူးလွန်လို့ ဖြစ်လာခဲ့ရင်တော့ မိမိအပြစ်တစ်ခုတည်းပေါ်မှာ အတည်ဖြစ်နေပါလိမ့်မယ်. ထိုကဲ့သို့ မိမိဘ၀နှင့် ယှဉ်ရသည့်အရာများမှာတော့ သံသယ ဆိုတဲ့ အတွေးကို ဆန့်ကျင်ဘက် အသုံးချနိုင်ကြပါစေ.) စိတ်ထဲရှိတာ ရေးမိခြင်းဖြစ်ပါတယ်.

Saturday, January 16, 2010

အွန်လိုင်းမှာ ကွန်ပျူတာလေးတစ်လုံးဖန်တီးကြည့်ပါ

အွန်လိုင်းသုံးသူ များ အွန်လိုင်းကွန်ပျုတာတစ်လုံး ကို အပိုင်ရအောင်လုပ်ကြည့်ကြမယ်ဗျာ. ကဲ.. ဒီလင့် ထဲကို ၀င်လိုက်ပါ. အောက်က ပုံလေးလိုတွေ့ပါလိမ့်မယ်.
ယင်းအထဲကမှ Sing up ကိုကလစ်ပါ. အောက်ကပုံလေးလိုထပ်တွေ့ပါလိမ့်မယ်.
Choose a G.ho.st ID နေရာမှာ မိမိကြိုက်နှစ်သက်ရာ အမည်ပေးပါ. လိပ်စာက ဥပမာ- akmkuntha@G.ho.st အဲလိုဖြစ်ရမှာလေ. Choose Password ကတော့ ကြိုက်သလိုပေးပါတော့နော်.
Existing email address နေရာမှာတော့ မိမိအသုံးပြုချင်တဲ့ မိမိရဲ့ Gmail ကို ရိုက်ထည့်ပါ. ရှိပြီးသားကိုနော်.
Enter the code shown နေရာမှာတော့ တစ်ဘက်ကပေးထားတာကို မှန်အောင်ရိုက်ထည့်ပါ. ပြီးရင် I'm over 13 years old and...စသည်ဖြင့် ရေးထားတဲ့ ရှေ့က ကွပ်လပ်လေးထောင့်တုန်းလေးမှာ အမှန်ခြစ်ပြီ Submit ကိုကလစ်လိုက်ပါ..တစ်ကယ်လို့ မရဘူးဖြစ်တက်ပါတယ်. ထိုအခါ မရသည့် အကြောင်းအရာရှေ့မှာ Star အနီလေး ပေါ်လာပါလိမ့်မယ်. ယင်းနေရာကိုပြန်ပြင်ဆင်ပါ...ဒီအဆင့်အဆင်ပြေသွားရင် မိမိ အပေါ်မှာ ထည့်ထားတဲ့ မေးကိုဖွင့်ပါ. မေးထဲမှာ မေးအသစ်ဝင်နေပါလိမ့်မယ်. ယင်းမေးကိုဖွင့်ပါ. အောက်ပါအတိုင်းတွေရင်
ယင်းအထဲက Click Here ကိုကလစ်လိုက်ပါ. လင့်အသစ်ထွက်လာပြီ. ပွင့်လာပါလိမ့်မယ်. ယင်းအထဲမှာ အောက်ပါအတိုင်းတွေ့ပါလိမ့်မယ်.
ယင်းအထဲမှာ ဖြည့်ပါတော့ မိမိကြိုက်ရာအမည်ကို အစ အလယ် အဆုံး နှင့် နိုင်ငံ ပြီးရင် Finish ကိုပဲကလစ်လိုက်ပါ.အောက်ပါအတိုင်းပေါ်လာပါလိမ့်အုံးမည်
ဖတ်ကြည့်ပါ. တတ်သလောက်ပေါ့. ကျွန်တော်ကိုယ်တိုင်လည်းဘာမှမသိပါ. 15 GB hard disk ရမည်. 10 GB mail box နဲ့ပေါ့. အကြမ်းဖျင်းလေ. ဘာမှလုပ်နေစရာမလိုပါဘူး Finish ပဲကလစ်ပါ. နောက်တစ်ပုံပေါ်လာပါလိမ့်မယ်.
ယင်းအထဲမှာ အောက်ဘက် ညာထောင့်က လေးထောင့်ကွက်ကို အမှန်ပေးပြီ ok လိုက်ပါတော့အောက်ပါအတိုင်း အွန်လိုင်းထက်က မိမိကိုယ်ပိုင် ကွန်ပျူတာတစ်လုံးရပါပြီ.

ကဲမိတ်ဆွေ သင့်အွန်လိုင်းကွန်ပျူတာကို right click လုပ်ပြီ refresh လုပ်ကြည့်လိုက်ပါ. တစ်ကယ်အစစ်တိုင်းဖြစ်နေပါလိမ့်မယ်. ဒါဆိုသင်ဥာဏ်ရှိသလို သင့်အွန်လိုင်းကွန်ပျူတာကို ကလိပြီး အသုံးချပါတော့ခင်ဗျာ. ကျွန်တော်ကတော့ account တွေ pressword တွေမှတ်ရလွန်းလို့ notepad နဲ့သိမ်းပြီ အွန်လိုင်း က ကျွန်တော့်ကွန်ပျူတာမှာ သိမ်းထားလေရဲ့.....အွန်လိုင်းရှိတဲ့နေရာမှာ ကိုယ့်ကွန်ပျူတာလေးလည်း ရှိနေကြပါစေ. အဆင်ပြေနေကြပါစေ.
လိပ်စာလေးက . http://g.ho.st/

Friday, January 15, 2010

အွန်လိုင်းမှတဆင့် သီချင်းတိုက်ရိုက် ခံစားမှုပေးကြရအောင်

အွန်လိုင်းမှတဆင့် မိမိအသိမိတ်ဆွေများကို သီချင်း. ဗွီဒီယို. ဓါတ်ပုံများကို ဒါရိုက် ကြည့်ရု့ ခံစားဖို့ ပို့ချင်တယ်ဆိုရင်လုပ်လို့ရအောင် နည်းလေးပါ. ၀ပ်ဆိုဒ် အကူနှင့်ပေါ့. ဆိုဒ်ထဲကို ၀င်လိုက်ရင် အောက်ပါအတိုင်းတွေ့ရမှာပါ.



singup လုပ်ပြီ အကောင့်ဖွင့်ပါ. မိမိအကောင့် ရလို့ ရှိရင် မိမိနေရာလေးမှာ တင်ချင်တာတင်လို့ရပါပြီ. အောက်ကပုံလေးက
Browse ကတဆင့် မိမိကွန်ပျူတာထဲက တင်ချင်တာကို ဖွင့်ပါ. ပြီးရင် upload ပေါ့. တင်လို့အထဲကို ရောက်သွားရင် မိမိတင်ထားတဲ့ ဟာကို ကလစ်လိုက်ပါ. အောက်ကပုံလေးလို.
တွေ့ပါလိမ့်မယ်. ယင်းအထဲက Embed ကိုရွေးလိုက်ရင် မြင်ရတဲ့အတိုင်း တွေ့မှာပါ. ဒါဆိုရပါပြီ ကုဒ်တွေကို copy ယူပြီး သုံးနိုင်ပါပြီ. ယင်းကုဒ်တွေကို gtalk မှာလည်းထည့်ပြီး မိတ်ဆွေများကို ပေးပို့နိုင်ပါတယ်. လိပ်စာကိုကလစ်လိုက်ရင် လင့်တစ်ခုကျလာပြီး window media player လိုဖွင့်ကြည့်နိုင်ပါတယ်. ဒီကုဒ်တွေကိုပဲ ning.com \ blog တွေမှာလည်းသုံးနိုင်ပါတယ်. အဲလိုသုံးမယ်ဆိုရင် အလျား နဲ့ အနံ ကို မိမိဥာဏ်ရှိသလို ချိန်ပြီမှသုံးတာ ပိုအဆင်ပြေပါတယ်. နောက်ပြီ လိုင်းသိပ်မကောင်းတဲ့နေရာတွေမှာသုံးရတာအဆင်ပြေအောင် ဖိုင်ဆိုဒ်ကို အတက်နိုင်ဆုံးငယ်ပြီ တင်ရင် ပိုအဆင်ပြေပါတယ်. ဒီဆိုဒ်ထဲမှာ မိမိအတွက်နေရာလွတ်က 10GB free ပေးထားပါတယ်. သုံးပြီးသားကို ပြန်လည်ဖျက်လို့လည်းရပါတယ်. သီချင်းအပြင် 3gp နှင့် photo များကိုတင်ရင်း မိတ်ဆွေများကို တိုက်ရိုက်ကြည့်ရှု့ခံစားမှု ပေးခိုင်လို့ရပါကြောင်း. (မသိသေးသူများကို ရည်ရွယ်ပါတယ်ခင်ဗျာ) အားလုံးအဆင်ပြေမှုရှိကြပါစေ... ဆိုဒ်လိပ်စာက http://www.4shared.com/

ဒါမျိုးလေးပါနော်

Wednesday, January 13, 2010

mp3cutter.exe


mp3 and wav များကို အလွယ်ဆုံး ပိုင်းဖြတ်နိုင်တဲ့ ဟာလေးပါ. သုံးရတာလွယ်တယ်. အစနဲ့ အဆုံးကိုလည်း fade in\ fade out နဲ့ လုပ်လို့ရပါတယ်. အသုံးပြုချင်တယ် အသုံးတည့်မယ်ထင်ရင်ဒေါင်းယူလိုက်ပါခင်ဗျာ.

download link=mediafire

qq.EXE


အင်္ဂလိပ်စာလုံးပေါင်း ကို အင်္ဂလိပ်အသံထွက် ပေးတဲ့ ဟာလေးပါ. အသုံးတည့်မယ်ထင်ရင် ယူသုံးနိုင်ပါတယ်. အင်္ဂလိပ်စကား လေ့လာသူများ. ကလေးငယ် ကျောင်းသားများအတွက် အထောက်အကူ ဖြစ်မယ်ထင်ပါတယ်.

download link=mediafire

FSCapture.exe


ကွန်ပျူတာ desktop မျက်နှာပြင် ပုံရိပ်ဖမ်းဖို့ သုံးရ လွယ်တဲ့ဟာလေးပါ. ဖိုင်ကိုဖွင့်ပြီ FSCapture.exe ကို ကလစ်ပြီးသုံးယုံပါ. file အမျိုးမျိုးနှင့် သိမ်းလို့ရပါတယ်. screen ကို အမျိုးမျိုးဖမ်းလို့ရပါတယ်. အသုံးပြုဖို့ လိုအပ်ရင်တော့ အောက်က လင့်မှာ ဒေါင်းယူနိုင်ကြောင်းပါ.

download link=mediafire

Recover My Files


ဖိုင်များကို မှားဖျက်မိလို. format ချလို့ပဲဖြစ်ဖြစ် ပျောက်သွားတာလေးတွေပြန်ရှာဖို့ အသုံးဝင်တဲ့ ဆော့ဝဲလ်လေးပါ.
Recover My Files 3.94.3514
သုံးရတာလွယ်ပါတယ်. key ပါထည့်ပေးလိုက်ပါတယ်. အကြောင်းအမျိုးမျိုးကြောင့် လိုအပ်ရင် ယူနိုင်ဖို့ပါ. အဆင်ပြေကြပါစေ.

download link = mediafire

Monday, January 11, 2010

ဘာသာရေးကို မစော်ကားကြပါနဲ့

၁၁.၁.၂၀၁၀ ကျွန်တော်အမှတ်မထင် ကြုံရတဲ့အဖြစ်ပါ. ning.com တစ်ခုကိုဝင်လည်ရင်း ကွန်မန့် တစ်ခုမှာ ရေးထားတဲ့ အကြောင်းအရာတစ်ခုကို စိတ်ဝင်စားရင်း လိပ်စာတစ်ခုကို သွားခိုင်းထားတာနဲ့ သွားကြည့်မိပါတယ်. ရောက်သွားတယ်ဆိုပါတော့. အဲဒီဆိုဒ်က ဘာဆိုဒ်လည်းဆိုတော့ ဘာသာရေး အရ စော်ကားထားတဲ့ ဆိုဒ်ဖြစ်နေပါတယ်. ကျွန်တော်ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာနဲ့မြတ်စွာဘုရားကို အစွန်းရောက်အောင်ကို ရိုင်းပြစော်ကားထားတာ တွေ့ရပါတယ်. ( ဆိုဒ်အမည်ကို - ဗုဒ္ဓဘာသာဝင်များအတွက် စေတမန် ) လို့ အမည်ပေးထားပါတယ်. အဘယ်သူလုပ်ထားတယ်ဆိုတာတော့ ကျွန်တော်လည်းမသိဘူးပေါ့) သူ့ cbox မှာ ကျွန်တော်ရေးမယ်စိတ်ကူးခဲ့ပါသေးတယ်. ဒါပေမယ့် မရေးဖြစ်ခဲ့ပါဘူး. ကိုယ့်စိတ်ကိုယ် ထိမ်းရင်းပေါ့. ဒါနဲ့ ကျွန်တော်ကြုံမိတာကို ကျွန်တော့်အွန်လိုင်းမိတ်ဆွေ ရင်းတွေကို အကြောင်းကြားမိတယ်. သိသူသိပြီး မသိသူမသိကြဘူးပေါ့. သူတို့ ဒေါသထွက် စိတ်မကောင်းဖြစ်မိကြတယ်ဆိုတာ ခံစားမှုက သက်သေပြနေကြပါတယ်. ဒီလိုမဖြစ်သင့်ဘူးလို့ ထင်မိလို့ပါ. လူတိုင်းမှာ မိမိကိုးကွယ်ယုံကြည်ရာကို လွတ်လပ်စွာကိုးကွယ် ယုံကြည်မှု ရှိတယ်ဆိုတာ လူသားအားလုံးတိုင်း လက်ခံကြမယ်ထင်ပါတယ်. ဒါကလမ်းလွဲပြီး မိမိကိုးကွယ်မှု အပြင်ဘက်က ဘာသာခြားကို ဘာသာရေးအရ နှိမ့်ချ စော်ကား၊ ရိုင်းပြမှုတွေကျတော့ စည်းကျော်ရာ ရောက်ပြီထင်ပါတယ်. အပြန်အလှန် နားလည် လေးစားမှုမျိုးပဲ ဖြစ်သင့်ပါတယ်. တကယ်တော့ ဘာသားရေးဆိုတာ လူသားတွေရဲ့ စိတ်ခံစားမှုကို အနုညံ့ဆုံး စိုးမိုးတဲ့ တရားပါ. ဘာသာတိုင်းမှာ ရင်းကဲ့သို့ ရှိမယ်ထင်ပါတယ်. ထို့ကြောင့် မိမိကိုးကွယ်ယုံကြည်ရာ အရ ကိုးကွယ်နေကြတဲ့ ကျွန်တော်တို့ လူသားတွေမှာ အချင်းချင်း နှိမ့်ချ၊ ပုတ်ခတ်၊ စော်ကား၊ ရိုင်းပြခြင်းမျိုး မပြုလုပ်သင့်ကြောင့် တင်ပြမိပါတယ်. တကယ်တမ်းဖြစ်သင့်တာက အကြင်သူသည် မိမိကိုးကွယ်ယုံ ကြည်ရာ ဘာသာတရားဓမ္မ အတွင်းမှပဲ သိမ်မွေ့မှုနှင့် မိမိအကျူိး လူသားများ အကျိုးကိုသာ နိုင်သလောက် ထမ်းသင့်ပါတယ်. ဒုက္ခပေးခြင်း မျိုး ဖြင့်တော့ မပြုလုပ်သင့်ကြောင်းပါ. ကျွန်တော့် မိတ်ဆွေ ဘာသာဝင်တိုင်းကိုလေးစားရင်း.....ဖြစ်သင့်တာ တွေကို မြင်မိဖို့တင်ပြ မိတာပါ..... (အထက်ပါ လင့်တွင် စော်ကားထားတာတွေကို ဆန့်ကျင်ဘက် အမြင်နှင့်တင်ပြထားတာတွေကို ဖတ်ကြည့်ချင်တယ်ဆိုရင် ဒီလင့် ကိုထပ်သွားပြီဖတ်ကြည့်နိုင်ပါတယ်)

Tuesday, January 5, 2010

အကြံအဖန်



“အကြံအဖန်” ဆိုတဲ့စကားလေးဟာ ကျွန်တော်တို့ မြန်မာလူမျိုးများနှင့် စိမ်းမယ်တော့ မထင်ပါဘူး. မြန်မာ အဘိဓါန်မှာတော့ “တစ်မျိုးတစ်ဖုံ ကြံစည်ဖန်တီးမှု” လို့ အနက်ဖွင့်ထားတာ တွေ့ရပါတယ်. “scheme = အကြံအစည်. Machination = စက်ပုန်းခုတ်ခြင်း. idea = စိတ်ကူး”စသည်ဖြင့် အင်္ဂလိပ်လို လည်း အဓိပါယ်ရတယ်လို့ အဘိဒါန်မှာ ဖွင့်ထားပါတယ်. ဒီအသုံးနှုန်းဟာ ကျွန်တော်တို့ နေ့စဉ် ဘ၀တွေမှာတော့ ဝေါဟာရက တစ်မျိုးပြောင်းနေသလို့ သဘောရပါတယ်. “အကြံအဖန်လုပ်နေတယ်ပေါ့” လို့တစ်ဦးက တစ်ဦးကို ပြောလိုက်တဲ့ စကားနောက်မှာ အဓိပါယ်တွေက ကွဲပြားနေပါတယ်. မိမိလုပ်နိုင်အားထက် ပိုလိုချင်ခြင်း၊ လာဘ်လာဘယူခြင်း၊ လာဘ်စားခြင်း၊ တစ်ဘက်သားအပေါ် အမြတ်ထုပ်ခြင်း၊ ပင်ပန်းမခံပဲ ရယူလိုခြင်း၊ စသည်ဖြင့် အကြံအဖန် ဆိုတဲ့စကားနောက်မှာ မကောင်းတာက များများပါနေတဲ့ သဘောဆောင် ပြဌာန်းချက်တွေဖြစ်နေပါတယ်. ဒီအပြင် တစ်ကယ်အလုပ်ကြိုးစားအားထုပ်သူတွေကိုလည်း ဒီစကားလေးနဲ့ စနောက်တက်ကြပါသေးတယ်. တကယ်တော့ အကြံအဖန် ဆိုတဲ့ အပေါ်ကသတ်မှတ်ချက်တွေနဲ့ ငြိသူများဟာ ဆိတ်ကွယ်ရာမှာပြုကြတာများပါတယ်. တစ်ကယ်ပဲ အဲလိုဖြစ်နေရင်ကောင်းပါ့တော့မလား. ဒီလိုကျင့်သုံးတာများတဲ့ လူ့အသိုင်းဝိုင်းဟာ မကောင်းဘက်ကို အသားပေးနေတဲ့ အသိုင်းဝိုင်းပဲဖြစ်နေမှာပါ. ဆိုကြပါစို့ လူ ၁၀ ယောက်မှာ ၅ ယောက်က အကြံအဖန်သမား. လိုသည်ထက်ပို့ရလိုမှုနဲ့ လက်ကျောမတင်းပဲ လာဘ်လာဘ ကိုသာ မျှော်ကိုးနေတဲ့ သူတွေဆိုရင် ဒီအသိုင်းဝိုင်းဟာ ဘယ်လိုမှ အံဝင်ပြီး တိုးတက်မှာမဟုတ်တော့ပါဘူး. ဘာဖြစ်လို့လည်းဆိုတော့ ကျန် ၅ ယောက်အားဟာ ထို့အကြံအဖန်သမား ကို ဖြည့်ပေးလိုက်ရလို့ပါ. ဆိုလိုတာက သတ္တ၀ါတွေဟာ အပြန်အလှန်မှီခို့ ကြတဲ့သဘောရှိပါတယ်. သဘာဝ ဖြစ်စဉ်က အစပေါ့. ၁၀ ယောက်မှာ ၅ ယောက်လုပ်ပြီး ၅ ယောက်က လုပ်ဆောင်သူများထံမှ အကြံအဖန်ဆိုတဲ့ အရာနဲ့ တွက်ပြီးမျှော်ကိုးနေတဲ့သဘောကြောင့်ပါ. ဒီအချိုးကိုတွက်ပြီး အဘယ်ကများနေလည်းဆိုတဲ့အပေါ်မူတည်ပြီး ကျွန်တော်တို့လူဘောင်ဟာ သာယာတယ် မသာယာဘူးဆိုတာ ကောက်ချက်ဆွဲနိုင်ပါလိမ့်မယ်. ဒီသဘောအရ ကျွန်တော်တို့ ပတ်ဝန်းကျင်လူ့ဘောင်မှာ အကြံအဖန်သမား၊ အချောင်သမား တွေ များနေလေလေ ဆုပ်ယုတ်လေပါ. နည်းပါးနေခဲ့ရင် သာယာသောလူ့ဘောင်တစ်ခု ဖြစ်လာမှာတော့ ပြောစရာလိုမယ်မထင်ပါဘူး. ထို့ကြောင့် ကျွန်တော်တို့ ကြားဖူးသုံးဖူးနေကျ အကြံအဖန် ဆိုတဲ့ စကားလေးရဲ့ အဓိပါယ် အလွဲ မကောင်းမူတွေကို စာရှု့သူ ခံစားကြည့်ရင်း. အဓိပါယ် အမှန်ဖြစ်တဲ့ ကြံစည်းစိတ်ကူးမှုကို ဆန်းသစ်တဲ့ အတွေးတွေကဆင့် မိမိလက်တွေ့ဘ၀တွေမှာ အကောင်းဘက်က အသုံးချနိုင်ဖို့ကို ရည်ရွယ်မိပါတယ်.
(မြန်မာလူငယ်များ အကြံအဖန် ဆိုတဲ့စကားလေးကို သတိမူမိကြပါစေ)

Monday, January 4, 2010

မင်းပေးထားတဲ့ ဒဏ်ရာ


လွတ်တဲ့ငါးကကြီးတာ စိတ်အသိပါ
လပ်လျားစွာ ခွဲထားခဲ့တဲ့မင်းကို
ရေးရေးလေးမြင်မိတဲ့ ချစ်သူု့ပုံရိပ်
ကိုမြင်ယောင်မိတိုင်း လွမ်းမိတယ်
မဟုတ်ဘူးဆိုတဲ့ အသိတစ်ချက်က
ခံစားချက်တွေကို ရိုက်ချိုးလို့
စားသမျှ မျိုမကျဖြစ်အောင်
ရရာအတွေးတွေ ဖိစီးပြီး
သေးငယ်တဲ့ဒဏ်ရာလေးဟာလည်း သေရာအထိ
ပါသွားနိုင်တယ်ဆိုတာ သိစေချင်ပါတယ်ချစ်သူ…..

ခက်ဆစ် (လပ်လျား= လစ်လျူရှု့မှု)

Saturday, January 2, 2010

ကာရန်မဲ့ 2010 ကိုခံစားခြင်း

နှစ်တွေလည်ပြောင်း စိတ်တွေလည်းထောင်း
ထောင်စုတွေ နှစ်လီကျော်
တစ်ဆယ် ဂဏန်းရောက်ခဲ့ပြီ
အတွင်းအပြင်ကြည့်လိုက်တော့ နွမ်းနေတဲ့အဖြစ်ပို
ပြောင်းလဲမှုတွေ လှိုင်းထန်လည်း
ပေးဆပ်မှုတွေကို အားပြုဖို့
မှာလိုက်ချင်တယ် သူငယ်ချင်းသို့
လားလားမှာနောက်မဆုပ်ဘဲ ဘ၀အတွက်ကြိုးစားစို့….

ကျွန်တော်တို့တွေ လူသားတစ်ယောက်အဖြစ် ရပ်တည်နေကြရတဲ့ ခဏတာ ဘ၀တွေမှာ ရယူခြင်းလို့ထင်ရတဲ့ အရာတွေဟာ တစ်ကယ်တော့ ကမ္ဘာလောကကြီးကို ပေးဆပ်နေရခြင်းတစ်မျိုးဆိုတာကို သတိမူမိစေချင်လို့ပါ. ကိုယ်လုပ်လိုက်တဲ့ အရာမှန်သမျှဟာ တိုက်ရိုက် ကိုယ်ရတယ်ထားအုံး. တစ်ကယ်တော့ ပေးဆပ်လိုက်တာပါပဲ.
မိမိအသက်တွေကြီးလာတာနဲ့ အမျှ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုအပြင် အလိုမကျမှုတွေပါ တွဲပါလာကြလည်းရှိပါတယ်. စိတ်ပိုင်းမှာရော ရုပ်ပိုင်းမှာရော နောက်ပိုင်း မိမိအသက်ကြီးလာလေ နွမ်းလျှမူပိုများလာလေပါ. ဘ၀ဆိုတာ ရုန်းကန်နေရတဲ့ ပင်လယ်လှိုင်းတပို တွေလိုမဟုတ်လား. အဲလိုဘ၀တွေ ကြားကပဲ ကမ္ဘာကျော်ခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ ပေးဆပ်မှုတွေနဲ့သူတို့ သမိုင်းစာမျက်နှာတွေကို ရေးခဲ့ကြတာပါ. ပေးဆပ်တယ်ဆိုတာ. (ကောင်းတာလုပ်တာ အားလုံးကိုဆိုလိုပါသည်) အဲလိုပဲ ကျွန်တော်တို့ ဟာလည်း မိမိ နိုင်ဝန်နှင့် ကောင်းတာလေးတွေလုပ်ကြဖို့ နောက်ဆုပ်စရာလို့ပဲ လာမဲ့နှစ်တွေမှာ မိမိဘ၀လေးကို အခြေခံပြီး အများတွက် အားဖြစ်စရာများကို ကြိုးစားကြဖို့ကို ရည်ရွယ်မိပါတယ်.

Template by : Aung Kyaw Min အောင်ကျော်မင်း kuntha ကျွန်းသား